The Word Forum
သမ္မာကျမ်း စာ သည် မှန်ကန်

သမ္မာကျမ်း စာ သည် မှန်ကန်

“သမ္မာကျမ်းစာသည် မှန်ကန်သည်” ဟူသည့် ဟောပြောပွဲစီးရီးသည် သင်းအုပ်ဆရာ ရှင်ချန်းကွမ် (Shin-chan Kwon) မှ ဧဝံဂေလိတရားကို နားလည်သဘောပေါက်ပြီး နှုတ်ကပတ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်းခံရပြီးတဲ့နောက် သမ္မာ ကျမ်းစာသည် အမှန်တကယ်ပင် အမှန်တရားဖြစ်ကြောင်း သက်သေခံသည့် ဟောပြောပွဲများ ဖြစ်ပါသည်။
သူ၏ သမ္မာကျမ်းစာကို စေ့စေ့စပ်စပ် လေ့လာဆန်းစစ်မှုများမှတစ်ဆင့် လူသားတို့၏ သမိုင်းကြောင်းသည် ပရောဖက်ပြုချက်များနှင့် ၎င်းတို့ ပြည့်စုံလာခြင်းများဖြင့် အကောင် အထည် ပေါ်လာခဲ့ကြောင်း ရှင်းလင်းစွာ ရှင်းပြခဲ့ပါသည်။ ထို့ပြင် ယခုခေတ်ကာလတွင် ဖြစ်ပေါ်နေသော ဖြစ်ရပ်များကို ထောက်ရှု၍ သမ္မာကျမ်းစာသည် အမှန်တရားဖြစ်ကြောင်း သက်သေပြပါသည်။
နှစ်ပေါင်းသုံးဆယ်ကျော်ကာလအတွင်း သမ္မာကျမ်းစာသည် မှန်ကန်သည် ဆိုသည့် ဟောပြောပွဲစီးရီးသည် ကမ္ဘာတစ်ဝန်းရှိ လူများစွာအား ဘုရားသခင်၏ ကြီးမားသော အစီအစဉ်တော်နှင့် ယေရှုခရစ်တော်၏ မေတ္တာတော်ကို နားလည်စေရန် ကူညီပေးခဲ့ပြီး၊ များစွာသောသူတို့ကို သမ္မာကျမ်းစာ၏ အမှန်တရားကို သိရှိနားလည်စေရန် လမ်းပြပေးခဲ့ပါသည်။

The Word Forum